Sunday 15 January 2012

Storyboard နဲ့ Sitemap ဆိုတာဘာလဲ၊

ကျွန်တော်လဲ ဆိုဒ်လေးတွေကလိလာတာ တစ်နှစ်လောက်ရှိတော့မယ်ဆိုတော့ website ရေးတဲ့၊ ပြင်တဲ့ code တွေလဲ
အတွေ့အကြုံအရ သူများတွေကို ကူညီတာနဲ့ website တခုကို ဘယ်လိုရေးရမယ် ပြီးတော့ ဒီ website နဲ့
ပက်သက်တဲ့ ကိစ္စတွေကို ရင်းရင်းနှီးနှီးသိနေတာပေါ့။ ဒါပေမဲ့လဲ ကိုယ်ဘာသာ ကိုယ်လေ့လာတာဆိုတော့
လေ့လာဖို့ ကျန်ခဲ့တာတွေလဲ အများကြီးရှိတာပေါ့ ဒါကြောင့် ဒီပိုစ့်လေးကို တင်လိုက်တာပါ ကျွန်တော် လိုမျိုးဘဲ Blog လုပ်ရင်းနဲ့ ကိုယ့်ဟာကိုယ်လေ့လာ tutorials လေးတွေ ဖတ်ပြီးသင်သွားကျတဲ့ လူတွေများပါတယ် ဆရာတစ်ယောက်ထဲက သေသေချာချာအနားမှာ အမြဲရှိပြီး မသင်ပေးနိုင်တော့ သိဖို့ကျန်ခဲ့တဲ့ဟာလေးတွေရှိတက်ပါ ဒီအထဲကကျွန်တော် ကြုံဖူး၊သိသလောက် ဝေမျှသွားပါမယ်။ အခု ပထမအနေနဲ့ Storyboard ဆိုတာလေးကို အရင်ပြောပြခြင်ပါတယ် Storyboard ကိုဖတ်လိုက်ရင် တော့ Website နဲ့ ဘာမှပက်သက်ဆက်ဆိုင်စရာ အကြောင်းမရှိဘူးလို့ ထင်လိုက်မိမယ် ဒါပေမဲ့ မဟုတ်ပါဘူး Storyboard က တကယ်ကို အရေးကြီးတဲ့ အခြေခံ website စတဲ့နေရာလေးဖြစ်ပါတယ်။ ကျွန်တော်လဲ ဟိုတနေ့ကမှဆိုဒ်တခုထဲမှာ ဒီဟာလေးပါလာမှ ပြေးပြီး လှန်ကြည့် တာနဲ့ သိလိုက်တာပါ တကယ်တမ်းတော့ ဘာမှအထူးအဆန်း မဟုတ်ပါဘူး ကိုယ့်ရေးခြင်တဲ့ Website ကို အရင် ပုံကျမ်းဆွဲတာဖြစ်ပါတယ် ဒါပေမဲ့ ကျွန်တော်တို့ကတော့ website တို့ ရေးမယ်ဆိုရင် ဘာပုံကျမ်းမှ မလိုဘဲ တခါထဲ တန်းပြီးတော့ ရေးလိုက်ကြတာ ဖြစ်တာကြောင့် အဆင့်လေးတွေ လွန်သွားတာပေါ့၊


အထက်ပါ ပုံက ဥပမာ Storyboard လေးဖြစ်ပါတယ် ကျွန်တော်နေနဲ့ကတော့ သူများကို Website ပိုက်ဆံ
နဲ့ ပေးပြီးရေးခိုင်းတဲ့လူတွေကို ပိုပြီး သတိပေးခြင်ပါတယ် ကိုယ်က website တခုရေးခြင်တယ်ဆိုပြီး
ပိုက်ဆံနဲ့ခိုင်းမယ်ဆိုရင် ဒီလိုမျိုး Storyboard လေးနဲ့ ကိုယ်ကို အကျမ်းသေချာပြတဲ့ လူကိုမှ ယုံပြီး
ပိုက်ဆံနဲ့ ပေးပြီးခိုင်းတာကောင်းပါတယ် ဘာဖြစ်လိုလဲဆိုတော့ ဒါကို ကြည့်ခြင်းအားဖြင့် ဒီလူဟာ website
နဲ့ ပိုက်သက်ပြီး သေသေချာချာ လေ့လာသင်ကြားထားတဲ့ လူဖြစ်ပြီး ယုံကြည်ရပါတယ်။

ဒုတိယက တော့ Sitemap ပါ Sitemap ကတော့ Site ရဲ့ Map ဖြစ်ပါတယ် website ထဲမှာရှိတဲ့ Link တွေ
ကိုဖော်ပြပေးထားတဲ့ တာပါ။ အောက်ပါပုံလေးက ဥပမာဖြစ်ပါတယ်။

0 comments:

Post a Comment