Showing posts with label Photoshop. Show all posts
Showing posts with label Photoshop. Show all posts

Wednesday, 1 February 2012

ဘ၀အပိုင်းအစများ

ဒီ tutorial ကတော့သင့်ရဲ့ပျင်းစရာကောင်းတဲ့ ဓာတ်ပုံကို စိတ်ဝင်စားစရာကောင်းတဲ့ ဓာတ်ပုံတစ်ပုံအဖြစ် ပြောင်းလဲသွားစေမယ့် သင်ခန်း စာဖြစ်ပါတယ်။
၁) အဲဒီအတွက်လိုအပ်တဲ့ဓာတ်ပုံကိုဖွင့်ပါ၊
၂) နောက်ထပ် Layer အသစ်တစ်ခုဖွင့်ပါ
(Layer>New>Layer) သို့မဟုတ် (Shift+Ctrl+N) ကိုနှိပ်ပါ။
၃) Fill လုပ်မယ့် Foreground color ကိုသင့်တော်ရာတစ်ခုရွေးပါ။
၎) အဲဒီ Layer ပေါ်မှာ Rectanglular Marquee ကိုသုံးပြီး အနေတော်လေးထောင့်ကွက်တစ်ခုဆွဲပါ၊ ပြီးရင် (Alt+Delete) ကိုနှိပ်ပြီး အရောင်ခြယ်ပါ၊ (Select>Deselect) သို့မဟုတ် (Ctrl+D) ကိုနှိပ်ပါ၊ ပုံအတိုင်းတွေရပါမယ်။
၅) အဲဒီ Layer ကိုသင့်တော်တဲ့နေရာတစ်ခုကိုရွေပါ။ ဒီပုံမှာတော့ သီချင်းဆိုနေတဲ့ သူငယ်ချင်းနှစ်ယောက်ကို အဓိကရွေးချင်တဲ့အတွက် သူတို့ကိုယ်လုံးကို အုပ်သွားမယ့်ေ်နရာတစ်ခုကို ရွေ့ပါတယ်။ (Edit>Transform>Rotate) ကိုလုပ်ပြီး အနည်းငယ်လှည့်ပါမယ်။
၆) ပြီးရင်တော့ Layer Palette မှာ အဲဒီ Layer ကို ထောက်ပြီး Ctrl နဲ့ Click လုပ်ပါ၊ ပုံရဲ့ပတ်ပတ်လည်မှာ Marquee တစ်ခုပေါ်လာတာတွေရပါမယ်။ အဲဒီအခါမှာ Background Layer ကို Select လုပ်ပါ။ ပြီးရင် (Ctrl+J) ကိုနှိပ်ပါ။ Background Layer ပေါ်မှာ နောက်ထပ် Layer တစ်ခုပေါ်လာပါလိမ့်မယ်။
၇) ပြီးရင်တော့ အပေါ်ဆုံးက Color Fill လုပ်ထားတဲ့ Layer ကိုပြန် Select လုပ်ပ်ါမယ်။ (Ctrl+J) ကိုနှိပ်ပြီး Layer တစ်ခု Duplicate ထပ်လုပ်ပါမယ်။ ပြီးရင် Move နဲ့ Rotate လုပ်ပြီးနောက်တစ်နေရာကိုရွေ့ပါ။ နဂိုလုပ်ထားခဲ့တဲ့ Layer နဲ့ Overlap ဖြစ်ရင်ပိုကောင်းပ်ါတယ်။
၈) ပြီးရင်တော့ အဆင့်(၆)မှာ ပြထားတဲ့အတိုင်း အဲဒီ Layer ကိုထောက်ပြီး Ctrl နဲ့ Clikck လုပ်ပါ။ ပုံရဲ့ပတ်ပတ်လည်မှာ Marquee တစ်ခုပေါ်လာတာတွေရပါမယ်။ အဲဒီအခါမှာ Background Layer ကို Select လုပ်ပါ။ ပြီးရင် (Ctrl+J) ကိုနှိပ်ပါ။ Background Layer ပေါ်မှာနောက်ထပ် Layer တစ်ခုပေါ်လာပါလိမ့်မယ်။
၉) အဲဒီလိုပဲ အဆင့် (၇) နဲ့ (၈) အတိုင်း ထပ်ခါထပ်ခါုလုပ်သွားမယ်ဆိုရင် ပုံအတိုင်း Solid Fill လုပ်ထားတဲ့ Rectangle Layer တွေရယ်၊ Background Layer ကို Duplicate လုပ်ထားတဲ့ Layer တွေကိုရပါလိမ့်မယ် ဒီနေရာမှာ Duplicate လုပ်ထားတဲ့ Layer တွေဟာ မိမိလိုသလောက် ပုံကိုဖုံးသွားရပါမယ်။ ဒီအဆင့်တွေမှာ မှားတတ်၊ကျန်တတ် တာမို့ ဂရုတစိုက်ဆောင်ရွက်ရမှာဖြစ်ပ်ါတယ်။
၁၀) ဒီအဆင့်များ ပြီးသွားရင်တော့ အပေါ်က Solid Fill လုပ်ထားတဲ့ Layer တွေကလွဲရင် ကျန်တဲ့ Layer တွေအားလုံးကို မျက်လုံးမှိတ်ပြီး ခဏဖျောက်ထားရမှာဖြစ်ပါတယ်။
၁၁) အပေါ်က အဲဒီ Solid Filled Layer တွေထဲက တစ်ခုခုကို Select လုပ်ပါ၊ ပြီးရင် (Layer>Merge Visible) သို့မဟုတ် (Shift+Ctrl+E) ကိုနှိပ်ပါ။ Solid fill လုပ်ထားတဲ့ Layer တွေပေါင်သွားတာကိုတွေရပါမယ်။ အဲဒီ Layer ရဲ့ဘေးက မျက်လုံးပုံကို Right Click နှိပ်ပြီး (Show/Hide al other layers) ကို Select လုပ်ပါ။ စောစောက မျက်လုံးပိတ်ပြီးဖျောက်ထားနဲ့ Layer တွေကိုပြန်တွေ့ရပါမယ်။
ပြီးရင်တော့ အဲဒီအပေါ်ဆုံးက Layer တွေကိုအမှိုက်ပုံးထဲထည့်ပြီး Delete လုပ်လိုက်ပါ။ ဒါဆိုရင် Background Layer နဲ့ သူ့ရဲ့ Duplicate Layer တွေပဲကျန်ပါလိမ့်မယ်။
၁၂) အဲဒီနောက် မိမိFill လုပ်ချင်တဲ့ Foreground color ကို set လုပ်ပါ။ ပြီးရင်အောက်ဆုံးက Background Layer ကို Select လုပ်ပြီး အရောင်ခြယ်ပါ။ (Alt+Delete) နှိပ်လဲရပါတယ်။ ဒါဆိုပုံအတိုင်းတွေရပါမယ်။
၁၃) ပြီးရင်တော့ Duplicate လုပ်ထားတဲ့ Layer တွေထဲကတစ်ခုခုကို Select လုပ်ပါ။ Right Click နဲ့ Blending Option ကိုဝင်ပါ။ အဲဒီမှာ Stroke ထည့်ပါမယ်။ ဒီပုံမှာတော့ Stroke width ကို ၃ လို့ရွေးထားပါတယ်။ မိမိပုံရဲ့ Resolution ကိုလိုက်ပြီး Stroke Width ကိုသင့်တော်သလို ပြင်နိုင်ပါတယ်။ Stroke color ကိုတော့ အဖြူရောင်ရွေးပါတယ်။
၁၄) ပြီးရင်တော့ Drop Shadow ချပါမယ်။ ဒီtutorial မှာတော့ Default Setting ကိုပဲသုံးထားပါတယ်။ ပုံရဲ့ Resolution ကိုလိုက်ပြီး Shadow ရဲ့ Distance, Spread, Size တို့ အတိုးအလျော့ရှိနိုင်ပါတယ်။
ဒါဆိုရင်တော့ Blending Option ပြောင်းထားတဲ့ Layer တစ်ခုကိုတွေ့ရမှာပါ။
၁၅) ပြီးရင်အဲဒီ Blending Option ပြင်ထားတဲ့ Layer ကို Right Click လုပ်ပြီး Popup Menu မှာ Copy Layer Style ကို ရွေးပါ။
၁၆) ပြီးရင်တော့ ကျန်တဲ့ Blending Mode မထည့်ရသေးတဲ့ Layer တွေကို RIght Click နှိပ်ပြီး Popup Menu မှာ Paste Layer Style လုပ်သွားပါ။
ဒါဆိုရင်တော့ ပုံအတိုင်းတွေပါလိမ့်မယ်။
နောက်ဆုံးအပြီးသတ်အနေနဲ့ လိုက်ဖက်မယ့် Outline တွေ Text တွေထည့်လိုက်ရင်တော့ အနုပညာဆန်ဆန် ပုံလေးတစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။

ဘယ်ပန်းချီရေးလို့မမီ

ဒီ Tutorial ဟာ ဓာတ်ပုံတစ်ပုံကို ပိုစတာဆန်ဆန် ပန်းချီကားတစ်ချပ်အဖြစ်သို့ ပြောင်းလဲစေမယ့်သင်ခန်းစာပါ။
၁) အဲဒီအတွက် ပထမဆုံးပြောင်းလိုတဲ့ပုံကိုဖွင့်ပါ။
၂) ပြီးရင်တော့ အဲဒီ Background layer ကို Duplicate လုပ်ပါမယ်။ (Layer>Duplicate Layer) သို့မဟုတ် (Ctrl+J) ကိုနှိပ်ပါ။
၃)ပြီးရင် အဲဒီ Layer အသစ်ကို Grey Scale ပုံအဖြစ်ပြောင်းပါမယ်။ (Image>Ajdustment>Desaturate) သို့မဟုတ် (Shift +Ctrl+U) ကိုနှိပ်ပါ။
၎) အဲဒီ Gray Scale ပြောင်းထားတဲ့ Layer ကိုနောက်ထပ် Duplicate ထပ်လုပ်ပါ။ (Layer>Duplicate Layer) သို့မဟုတ် (Ctrl+J) ကိုနှိပ်ပါ။
၅) နောက်ဆုံး Duplicate လုပ်ထားတဲ့ အဲဒီ Layer ကို Blur လုပ်ပါမယ်။
(Filter>Blur>Gaussian Blur) ဖြစ်ပါတယ်။ radius ကို သင့်တော်သလိုချိန်ပါ။
ပုံရဲ့ Outline နဲ့ Detail တွေကို ခပ်ဝါးဝါးတွေ့နိုင်သေးတဲ့အထိဖြစ်ပါတယ်။
ဒီပုံကိုတော့ Radius =3 နဲ့ Gaussian Blur လုပ်ထားပါတယ်။
၆) ပြီးရင် အဲဒီ Layer ကို Invert လုပ်ပါမယ်။
(Image>Adjustment>Invert) သို့မဟုတ် (Ctrl+I) ကိုနှိပ်ပါ။ ပုံပါအတိုင်းတွေ့ရမှာဖြစ်ပါတယ်။
ရ) ပြီးရင်တော့ layer palette ထဲက Blending Mode ကို Normal မှ Color DOdge သို့ပြောင်းပါ။ ဒါဆိုရင် ခဲနဲ့ခြစ်ရေးထားတဲ့ Outline Sketch တစ်ခုကိုရလာပါလိမ့်မယ်။
၈) ပြီးရင် Layer palette ထဲကအောက်ဆုံး Background ကို ခဏပိတ်လိုက်ပါမယ်။ အဲဒီအတွက် မျက်လုံးပုံလေးကိုနှိပ်ပါ။
၉) ပြီးရင်အပေါ်က Layer နှစ်ခုကိုပေါင်းပါမယ်
(Layer>MergeVisible) သို့မဟုတ် (Shift+Ctrl+E) ကိုနှိပ်ပါ။ အပေါ်က Layer နှစ်ခုပေါင်းသွားတာကိုတွေ့ရပါလိမ့်မယ်။
ပြီးရင်မျက်လုံးပိတ်ထားတဲ့ Layer ကိုပြန်ဖွင့်ပါ။
၁၀) ပုံရဲ့ Outline တွေကိုခပ်ထင်းထင်းဖြစ်စေဖို့အပေါ်က Layer ကို Level တင်ပါမယ်။
(Image>Adjustment>Level) သို့မဟုတ် (Ctrl+L) ကိုခေါ်ပါ။
မိမိလိုသလောက် အတိုင်းအတာအထိ Level arrow ကိုရွေပါ။ ဒီပုံမှာတော့ Input Level ကို 100 အထိရောက်အောင် ရွေထားတယ်။ ပြီးရင်တော့ ပုံပါအတိုင်းတွေ့ရမှာဖြစ်ပါတယ်။
အကယ်၍ပုံကိုအရောင်မခြယ်ချင်ဘူးဆိုရင်တော့ ဒီမှာရပ်ထားလို့ရပါတယ်။
၁၁) ဒီအဆင့်မှာတော့ပုံကိုအရောင်စိုစိုလေးဖြစ်လာအောင်လုပ်ပါမယ်။
ဒီအတွက်အပေါ်ဆုံး Layer ကို Layer Mask တစ်ခုချိတ်ပါမယ်။
Layer Palette အောက်ခြေက Layer Mask ကိုနှိပ်ပါ။ ဒါမှမဟုတ် (Layer>Layer Mask>Reveal All) ကို Select လုပ်ရင်လည်းရပါတယ်။
၁၂) Layer Mask မှာခြယ်ဖို့အနားဖွာတဲ့ Normal Brush တစ်ခုကိုရွေးပါ။ Opacity ကို 50%သို့ပြောင်းပါ။ Foreground Color က Black ဖြစ်ပါတယ်။
၁၃) Layer Mask ပေါ်မှာ Brush Size ကိုအတိုးအလျှော့လုပ်ပြီး ပုံကိုအရောင်ဖြယ်ပါမယ်။ အဲလိုခြယ်တဲ့နေရာမှာ တစ်ပုံလုံးကို Brush အကြီးကြီးနဲ့ ပွတ်မခြယ်ပါနဲ့။ အင်္ကျီ၊ ဂါဝန်၊လက်၊မျက်နှာ စသည်ဖြင့်မတူတဲ့ ပစ္စည်းတွေနဲ့ မတူတဲ့အရောင်တိုင်းကို တစ်ခုချင်းစီ စိတ်ရှည်ရှည်ဖြင့်ခြယ်ပါ။ မိမိစိတ်ကူရှိသလောက် ပွတ်ခြယ်ပါ။ အကယ်၍ မှားသောနေရာကိုဖျက်လိုလျှင် Foreground color ကိုအဖြူရောင်ပြောင်းပြီး ခြယ်နိုင်ပါတယ်။ ဒါဆိုပံအတိုင်းတွေ့ရမှာပါ။
စိတ်ရှည်ပြီး စိတ်ကူကောင်းရင်တော့ အင်မတန်လှပတဲ့ပုံတစ်ခုဖြစ်လာနိုင်ပါတယ်။ဒါကြောင့် ဘယ်ပန်းချီရေးလို့မမှီတဲ့ ပုံတစ်ခုဖြစ်ဖို့အတွက် မိမိရဲ့အနုပညာအမြင်ရယ် စိတ်ရှည်မှုရယ် ပေါင်းစပ်ဖို့ပဲကျန်ပါတော့တယ်။

Tuesday, 17 January 2012

ဖန်ပြားပုံသဏ္ဍာန် များ ဖန်တီးခြင်း

ယနေ့အင်တာနက်ပေါ်တွင် အသုံးပြုများနေသော ဖန်ပြားပုံသဏ္ဍာန် Glassy Button များကိုသင်တွေ့ဖူးပါလိမ့်မည်။ လက်တွေ့တွင် ဖန်၊မှန်၊စတီး စသောအရာများ၏ ကွဲပြားချက်မှာ အရောင်နှင့် အလင်းအမှောင် ကွာခြားချက်ပေါ်တွင် အဓိကအခြေခံပါသည်။ ထို့ကြောင့် ရိုးရိုးသာမန် ဖန်ပြားတစ်ခုပြုလုပ်သောအခြေခံ Idea လေးကိုသိရှိစေရန်ပြောပြပါမည်။

၁) New File တစ်ခုယူပြီး New Layer တစ်ခုခေါ်ထားပါ။ ထို Layer ပေါ်တွင် Tool Box ထဲမှ Custom Shape Tool (U) ကိုရွေးပါ။ ပြီးလျှင် Shade ထဲမှ Rounded Square Shape ကိုလိုအပ်သော Color ကိုရွေးပြီးဆွဲပါ။ ပုံမှန်လေးထောင့်ကွက် တစ်ခုကို အသုံးပြုလျှင်လည်းရပါသည်။


၂) ထို Layer ၏ Layer Style ကို Inner Glow ယူပါ (Layer Palette တွင် Layer name နောက်မှနေရာလွတ်အား Double click နှိပ်လျှင် Layer Style Dialog box ပေါ်လာပါသည်။ ၄င်း Box မှပုံတွင်ပြထားသည့်အတိုင်း Inner Glow နေရာကို Click လုပ်ပါ)


ပုံတွင်ပြထားသည့်အတိုင်း Color ကို အမည်းရောင်ပြောင်းပြီး Blending Mode ကို Normal သို့ပြောင်းပါ။ Element Size မှာ ပံ၏ Resolution ကိုလိုက်ပြီးအပြောင်းအလဲရှိနိုင်ပါသည်။ ပြီးလျှင်ပုံအတိုင်းတွေ့ရမည်။


၃) Layer Palette တွင်ထို Layer ပေါ်တွင် Ctrl ကိုဖိပြီး Click လုပ်ပါ။ Layer ၏ Boundary အတိုင်း Marquee Selection တစ်ခုရပါမည်။ ပြီးလျှင် (Select>Modify>Contract) ကိုရွေးပါ။ ဒီပုံမှာတော့ Selection ကို 25 pixels ဖြင့် Contract လုပ်ထားပါသည်။ ပုံ၏ Resolution ကိုလိုက်ပြီး Pixel အပြောင်းအလဲရှိနိုင်ပါသည်။


၎) ပြီးလျှင် (Layer>New>Layer) သို့မဟုတ် (Shift+Ctrl+N) ဖြင့် New Layer တစ်ခုခေါ်ပါ။ Foreground Color အား white ပြောင်းပြီးထို Layer ကို Foreground to Transparent ဖြင့် Gradient Fill လုပ်ပါ။ ပုံအတိုင်းတွေ့ရမည်။


၅) ထို Marquee Selection ကို Deselect လုပ်ပါ။ ပြီးလျှင်ထို Layer ကို Opacity 75% မှာထားပြီးအပေါ်ဘက်သို့အနည်းငယ်ရွေ့ပါ။ ပုံအတိုင်း GLassy Button ကိုတွေ့ရမည်ဖြစ်သည်။


Circular Shape တစ်ခုကိုအထက်မှာဖော်ပြခဲ့သော အဆင့် ၂ မှ ၅ အတိုင်း စနစ်တကျပြုလုပ်လျှင်အောက်ပါ Glassy Button ကိုရရှိမည် ဖြစ်သည်။


ထိုနည်းတူ အခြားသော Shape များကိုလည်း Glassy Object များအဖြစ်သို့အလွယ်တကူပြောင်းလဲနိုင်ပါတယ်။ ထိုသို့ပြုလုပ်ရာတွင် ပုံ၏ Resolution အပြင် သက်ဆိုင်ရာ Layer ၏ Size ကိုလိုက်ပြီး အဆင့် (၂) Inner Glow တွင် Pixel အပြောင်းအလဲကို ညှိပေးရန်လိုအပ်ပါသည်။


Text များကို Glassy object များအဖြစ်အလွယ်တကူဖန်တီးနိုင်ပါသေးတယ်။

Cs4 ဖိုတိုရှော့ပညာလေ့လာနည်းစာအုပ်လေးပါ


ဖိုတိုရှော့ပညာအတွက် Cs4ynm လေ့လာနိုင်မဲ့ စာအုပ်လေးကို ဆရာကိုညီနေမင်းဆိုက်လေးကနေ လေ့လာပြီးတင်ပေးလိုက်ပါတယ်နော်
ဖိုတိုရှော့ပညာလေ့လာနည်းစာအုပ်လေးပါ ကဲလေ့လာကြည့်ရအောင်နော်
ဒီနေရာလေးမှာဒေါင်းယူနိုင်ပါတယ်နော်

photoshop နဲ့ ရွှေရောင်စာလုံးပြုလုပ်နည်း

အခုဖော်ပြမည့် နည်းလမ်းလေးကတော့ လွယ်လွယ်ကူကူ ရွှေရောင်စာလုံး ပြုလုပ်နည်း လေးပါ။

Photoshop အခြေခံမရှိသူများပင် အလွယ်တစ်ကူလုပ်ဆောင်နိုင်ပါတယ်။
အားလုံးအတွက်အသုံးဝင်မယ်ထင်လို့ ရှာဖွေတွေ့ရှိထားချက်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အဆင့် - ၁
ပထမဦးဆုံး File > New...(Ctrl + N) ဖြင့် စာမျက်နှာအသစ်တစ်ခုယူပါ။
ယခုသင်ခန်းစာအတွက်
Width: 400 pixels
Height: 500 pixels
Resolution: 300 pixels/inch ကိုသုံးထားပါသည်။








အဆင့် - ၂
ရွှေရောင်စာလုံးထင်ရှားစေရန်အတွက် အောင်ခံအရောင်ကို မှောင်သောအရောင်သုံးပါ။
ယခုပုံတွင် အမဲရောင်အောက်ခံသုံးထားပါသည်။ ထို့နောက် Type Tool (T) ဖြင့် သင်စိတ်ကြိုက် စာသားရိုက်ပေးပါ။
ထိုနောက်စာသားအား Bold ပြုလုပ်ပေးပါ။ စာသားထူမှ ရွှေရောင်စာလုံးပိုမိုပေါ်လွင်မည်ဖြစ်ပါသည်။



အကယ်၍ Font တွင် Bold မရှိပါက အောက်ပါပုံရှိ အနီရောင်ဝိုင်းပြထားသောနေရာကို Click နှိပ်၍ ရွေးချယ်ပေးပါ။



အဆင့် - ၃

Window > Character ကိုဖွင့်ပါ။ Color နေရာမှာ Click နှိပ်၍ စာသားအရောင်ကို ပုံပါအတိုင်း ပြောင်းပေးပါ။



၁။ ဤ Check Box ကို အမှန်ခြစ်ထားပေးပါက အပေါ်က Color Picker နေရာတွင် Web Safe Color
    ကိုသာဖော်ပြပေးပါလိမ့်မည်။

၂။ Web အတွက် အသုံးပြုသည့် အရောင်နံပါတ်ပါ။ ၄င်းအရောင်တန်ဖိုးကိုရိုက်ထည့်ပေးပါ။


အဆင့် - ၎
Text Layer ပေါ်တွင် Double-Click နှိပ်၍ Layer Style Box ကိုဖွင့်ပါ။
သို့မဟုတ် Layer > Layer Style > Bevel and Emboss...ကိုရွေးပါ။



Gloss Countour နေရာတွင် အထက်ပါပုံအတိုင်း ရွေးချယ်ပေးပါ။

Size နေရာရှိတန်ဖိုးကို အတိုးအလျော့လုပ်၍ သင့်စိတ်ကြိုက်ရွှေရောင်စာလုံးပုံစံရသည်အထိ ချိန်ညှိပေးပါ။

အကယ်၍ ရွှေရောင်ကိုလင်းလက်၍ ဖြာထွက်နေသောပုံစံလိုချင်ပါက Outer Glow


ကိုသုံးနိုင်ပါသည်။






photoshop နဲ့ Dissolve Transition ပြုလုပ်ကြမယ်

အခု PhotoShop မှာ Background Layer ကိုအဖြူထားပြီး Layer1 ကိုတော့အောက်မှာမြင်ရတဲ့ ပုံလေးထားလိုက်ပါတယ်။
Layer Palette ကိုသွားပြီး Layer1 ရဲ့ Blending mode ကို Dissolve လို့ပြောင်းလိုက်ပါမယ်၊ ပုံကိုအခုနေကြည့်လိုက်ရင်တော့ ဘာမှာမထူးသေး ပါဘူး၊ ဒါပေမယ့် အဲဒီ Layer1 ရဲ့ Opacity ကို 50% လောက်ထားကြည့်လိုက်ပါမယ်။
ဒါဆိုရင်တော့ Layer1 ဟာကြည်ကြည်လင်လင် မြင်ရမှာမဟုတ်တော့ပါဘူး တချို့သော Pixel တွေဟာပျောက်သွားပြီး Background Layer ရဲ့ အဖြူရောင်ကြီးကိုတွေ့ရမှာပါ၊ Layer1 ရဲ့ Opacity နဲလေလေ Background Layer ရဲ့ဧရိယာများများပေါ်လာလေလေပါပဲ။ အဲဒီ Layer1 ရဲ့ Opacity ကိုကစားကြည့်ပါ လွယ်လွယ်သဘောပေါက်မှာပါ။
ဒီအခြေခံလေးကိုပဲ အသုံးပြုပြီးတော့ ကျွန်တော်တို့ Image Ready မှာ Animation လုပ်ကြည့်ကြမှာပါ။ အခုပေးထားတဲ့ Sample file ကို Download လုပ်ပြီး PhotoShop မှာဖွင့်လိုက်ရအောင်။ Background နဲ့ Layer1 ဆိုပြီး Layer နှစ်ခုပါတာကိုတွေရမှာပါ။ Layer1 ရဲ့ Blending mode ကို Dissolve ကိုရွေးလိုက်ပါမယ်၊ပြီးရင် Image Ready ကိုသွားရအောင် ( Ctrl + Shift + M )။
Image Ready ရဲ့ Animation Palette မှာ Frame တစ်ခုကတော့ Default ရှိနေမှာပါ၊ အခု New Frame နှစ်ခုအသစ်ထပ်ယူပါမယ်၊ စုစုပေါင်း ၃ ခုဖြစ်သွားပါပြီ။ Layer1 ရဲ့ Opacity တွေကိုတော့ Frame1 မှာ 0% Frame2 မှာ 100% နဲ့ Frame3 မှာ 0% အသီးသီးထားလိုက်ပါမယ်။
ဒါဆိုရင် Tween လုပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ၊ Frame2 ကို Select လုပ်ပြီး Animation Palette အောက်ခြေက Tweens animation frames ဆိုတဲ့ခလုပ်လေးကိုနှိပ်လိုက်ပါမယ်၊ Setting တွေကတော့ အောက်ပါအတိုင်းပါပဲ။
ပြီးရင်နောက်ဆုံး Frame ဖြစ်တဲ့ Frame8 ကိုလဲ ဒီ Setting တွေအတိုင်းပဲ Tween လုပ်ပါဦးမယ်၊ နောက်ထပ်လုပ်စရာတစ်ခုကတော့ Frame duration ပါပဲ။ Frame1 နဲ့ Frame7 ကို 1 sec ထားပြီးကျန်တဲ့ Frame တွေကိုတော့ 0 sec ပဲထားလိုက်ပါ။ နောက်ပြီးတော့ Frame7 က Layer1 ရဲ့ Blending mode ကို Normal ထားပေးလိုက်ပါမယ်၊ ( ပုံရဲ့ ဘေးနားက Pixel လေးတွေ ထင်းသွားအောင်လို့ပါ)၊ ကျန်တဲ့ Frame တွေကတော့မပြောင်းပါဘူး Dissolve ပါပဲ။ နောက်ဆုံးအဆင့်အနေနဲ့ Optimize လုပ်လိုက်ရင် ( File>Save Optimized ) ပုံလေးကို ဒီအတိုင်းမြင်ရမှာပါ။
ဒီ Tutorial မှာ Tween ကစားတာက Opacity ကိုကစားထားတာပါ၊ ဒါပေမယ့် Blending mode မှာ Dissolve ဟာဆိုရင် Opacity ကိုလိုက်ပြီး တုန့်ပြန်မှုပေးပါတယ်။ Opacity များရင် Layer ရဲ့ Pixel area နဲနဲဟာ ပျောက်သွားပြီး အောက်မှာရှိတဲ့ Layer တွေပေါ်လာပါတယ်၊ Layer ရဲ့ Opacity နဲသွားရင်တော့ Pixel တွေဟာအများကြီးပျောက်သွားပြီး အောက်မှာရှိတဲ့ Layer တွေကိုအများကြီးမြင်လာရတာပါ။ ဒီ Opacity ကို Tween လုပ်လိုက်တော့ Dissolve Transition တစ်ခုရလာပါတော့တယ်။
အခုဆိုရင် Dissolve ကိုသုံးပြီး အောက်ပါပုံလေးကိုလည်း ဘယ်လိုဖန်တီးရမလဲဆိုတာကို သင်သိနှင့်လောက်ပါပြီ။ သင်ကိုယ်တိုင်လည်း Try ကြည့်ပါဦး။ MMphotoshop မှာ Animation သင်ခန်းစာ အတော်များများကို ရေးသားပြီးခဲ့ပါပြီ၊ ကြုံရင်လည်း ဆက်လက် ရေးသားပါဦးမယ်၊ အခုဆိုရင် သင့်ဖန်တီးမှုစွမ်းအား တွေကို Animation တွေအဖြစ် ဒီသင်ခန်းစာတွေကိုသုံးပြီး အကောင်အထည် ဖော်နိုင်လောက်ပါပြီ။

မြန်မာဖိုတိုရှော့ဆိုဒ်မှ ကူယူဖော်ပြထာတာပါ