Safari Browser မှာ မြန်မာလို ရေးလို့ ဖတ်လို့ရအောင် ဆိုရင်တော့ CSS ကုတ်ဒ် လေးရေးထည့်ပေးရမှာပါပဲ ….။
ဒီ အောက်က ပေးထားတဲ့ ကုန်ဒ်လေးတွေကို Notepad လေးကိုဖွင့်ပြီး Copy ကူးလိုက်ပါ…။ ပြီးတော့ Save တဲ့အခါမှာ ရှေ့မှာ ကိုယ်ကြိုက်တဲ့ မှတ်မိလွယ်မဲ့ နာမည်လေး တခုခု ရေးပြီး ( ဥပမာ User (or) Zawgyi One ) လို့ရေးပြီး နောက်က [ .css ] ဥပမာ User.css လို့ရေးပြီး…
Desktop ပေါ်မှာဖြစ်ဖြစ် တနေရာရာမှာ Save ထားလိုက်ပါ….
————————————————————–
* , html, body, div,p {
font-family:Zawgyi-One !important;
}
———————————————————————–
ဒေါင်းပြီးလို့ Run လိုက်ရင် မြန်မာစာတွေကတော့လေးထောင့်အတုံးလေးတွေ အတိုင်း တွေ့မြင်ရမှာပါ…
ဒုတိယ အဆင့်အနေနဲ့… Safari Browser ရဲ့ အပေါ်ဆုံး ညာဘက် ထောင့်နားလေးမှာ….
အဲဒီပုံထဲကအတိုင်း ခွေးသွားစိတ် လေးကို ကလစ်လိုက်ပါ…..
ပြီးတော့ Preferences ကို ထပ်ပြီး ကလစ်လိုက်ရင် အောက်က ပုံလိုမျိုး Box လေး ထဲမှာ ခွေးသွားစိတ် လိုပုံလေးနဲ့ Advanced Tab လေးကို ကလစ် ပြီး….
Style Sheet ဆိုတဲ့ အကွက်လေးထဲမှာ
အောက်ဖက်ကို ညွှန်ပြနေတဲ့ မျှားလေးကို ကလစ်လိုက်ရင် …
None Selected
Other
ဆိုတဲ့ စာကြောင်းလေး နှစ်ခု မှာ Other ကို ရွေးပေးပြီး….စောစောက Notepad လေးနဲ့ Save ထားတဲ့ CSS ဖိုင်လေးကို ထည့်ပေးလိုက်ပါ ….ဒါပါပဲ ….ပြီးသွားပါပြီ …အောက်က ပုံထဲကအတိုင်း မြန်မာစာတွေကို ရေးလို့ ဖတ်လို့ ရသွားပါပြီ ခင်မျာ….