ဒီ tutorial ကတော့သင့်ရဲ့ပျင်းစရာကောင်းတဲ့ ဓာတ်ပုံကို စိတ်ဝင်စားစရာကောင်းတဲ့ ဓာတ်ပုံတစ်ပုံအဖြစ် ပြောင်းလဲသွားစေမယ့် သင်ခန်း စာဖြစ်ပါတယ်။
၁) အဲဒီအတွက်လိုအပ်တဲ့ဓာတ်ပုံကိုဖွင့်ပါ၊





















၁) အဲဒီအတွက်လိုအပ်တဲ့ဓာတ်ပုံကိုဖွင့်ပါ၊

၂) နောက်ထပ် Layer အသစ်တစ်ခုဖွင့်ပါ
(Layer>New>Layer) သို့မဟုတ် (Shift+Ctrl+N) ကိုနှိပ်ပါ။
(Layer>New>Layer) သို့မဟုတ် (Shift+Ctrl+N) ကိုနှိပ်ပါ။

၃) Fill လုပ်မယ့် Foreground color ကိုသင့်တော်ရာတစ်ခုရွေးပါ။

၎) အဲဒီ Layer ပေါ်မှာ Rectanglular Marquee ကိုသုံးပြီး အနေတော်လေးထောင့်ကွက်တစ်ခုဆွဲပါ၊ ပြီးရင် (Alt+Delete) ကိုနှိပ်ပြီး အရောင်ခြယ်ပါ၊ (Select>Deselect) သို့မဟုတ် (Ctrl+D) ကိုနှိပ်ပါ၊ ပုံအတိုင်းတွေရပါမယ်။

၅) အဲဒီ Layer ကိုသင့်တော်တဲ့နေရာတစ်ခုကိုရွေပါ။ ဒီပုံမှာတော့ သီချင်းဆိုနေတဲ့ သူငယ်ချင်းနှစ်ယောက်ကို အဓိကရွေးချင်တဲ့အတွက် သူတို့ကိုယ်လုံးကို အုပ်သွားမယ့်ေ်နရာတစ်ခုကို ရွေ့ပါတယ်။ (Edit>Transform>Rotate) ကိုလုပ်ပြီး အနည်းငယ်လှည့်ပါမယ်။

၆) ပြီးရင်တော့ Layer Palette မှာ အဲဒီ Layer ကို ထောက်ပြီး Ctrl နဲ့ Click လုပ်ပါ၊ ပုံရဲ့ပတ်ပတ်လည်မှာ Marquee တစ်ခုပေါ်လာတာတွေရပါမယ်။ အဲဒီအခါမှာ Background Layer ကို Select လုပ်ပါ။ ပြီးရင် (Ctrl+J) ကိုနှိပ်ပါ။ Background Layer ပေါ်မှာ နောက်ထပ် Layer တစ်ခုပေါ်လာပါလိမ့်မယ်။

၇) ပြီးရင်တော့ အပေါ်ဆုံးက Color Fill လုပ်ထားတဲ့ Layer ကိုပြန် Select လုပ်ပ်ါမယ်။ (Ctrl+J) ကိုနှိပ်ပြီး Layer တစ်ခု Duplicate ထပ်လုပ်ပါမယ်။ ပြီးရင် Move နဲ့ Rotate လုပ်ပြီးနောက်တစ်နေရာကိုရွေ့ပါ။ နဂိုလုပ်ထားခဲ့တဲ့ Layer နဲ့ Overlap ဖြစ်ရင်ပိုကောင်းပ်ါတယ်။


၈) ပြီးရင်တော့ အဆင့်(၆)မှာ ပြထားတဲ့အတိုင်း အဲဒီ Layer ကိုထောက်ပြီး Ctrl နဲ့ Clikck လုပ်ပါ။ ပုံရဲ့ပတ်ပတ်လည်မှာ Marquee တစ်ခုပေါ်လာတာတွေရပါမယ်။ အဲဒီအခါမှာ Background Layer ကို Select လုပ်ပါ။ ပြီးရင် (Ctrl+J) ကိုနှိပ်ပါ။ Background Layer ပေါ်မှာနောက်ထပ် Layer တစ်ခုပေါ်လာပါလိမ့်မယ်။

၉) အဲဒီလိုပဲ အဆင့် (၇) နဲ့ (၈) အတိုင်း ထပ်ခါထပ်ခါုလုပ်သွားမယ်ဆိုရင် ပုံအတိုင်း Solid Fill လုပ်ထားတဲ့ Rectangle Layer တွေရယ်၊ Background Layer ကို Duplicate လုပ်ထားတဲ့ Layer တွေကိုရပါလိမ့်မယ် ဒီနေရာမှာ Duplicate လုပ်ထားတဲ့ Layer တွေဟာ မိမိလိုသလောက် ပုံကိုဖုံးသွားရပါမယ်။ ဒီအဆင့်တွေမှာ မှားတတ်၊ကျန်တတ် တာမို့ ဂရုတစိုက်ဆောင်ရွက်ရမှာဖြစ်ပ်ါတယ်။


၁၀) ဒီအဆင့်များ ပြီးသွားရင်တော့ အပေါ်က Solid Fill လုပ်ထားတဲ့ Layer တွေကလွဲရင် ကျန်တဲ့ Layer တွေအားလုံးကို မျက်လုံးမှိတ်ပြီး ခဏဖျောက်ထားရမှာဖြစ်ပါတယ်။

၁၁) အပေါ်က အဲဒီ Solid Filled Layer တွေထဲက တစ်ခုခုကို Select လုပ်ပါ၊ ပြီးရင် (Layer>Merge Visible) သို့မဟုတ် (Shift+Ctrl+E) ကိုနှိပ်ပါ။ Solid fill လုပ်ထားတဲ့ Layer တွေပေါင်သွားတာကိုတွေရပါမယ်။ အဲဒီ Layer ရဲ့ဘေးက မျက်လုံးပုံကို Right Click နှိပ်ပြီး (Show/Hide al other layers) ကို Select လုပ်ပါ။ စောစောက မျက်လုံးပိတ်ပြီးဖျောက်ထားနဲ့ Layer တွေကိုပြန်တွေ့ရပါမယ်။

ပြီးရင်တော့ အဲဒီအပေါ်ဆုံးက Layer တွေကိုအမှိုက်ပုံးထဲထည့်ပြီး Delete လုပ်လိုက်ပါ။ ဒါဆိုရင် Background Layer နဲ့ သူ့ရဲ့ Duplicate Layer တွေပဲကျန်ပါလိမ့်မယ်။
၁၂) အဲဒီနောက် မိမိFill လုပ်ချင်တဲ့ Foreground color ကို set လုပ်ပါ။ ပြီးရင်အောက်ဆုံးက Background Layer ကို Select လုပ်ပြီး အရောင်ခြယ်ပါ။ (Alt+Delete) နှိပ်လဲရပါတယ်။ ဒါဆိုပုံအတိုင်းတွေရပါမယ်။
၁၂) အဲဒီနောက် မိမိFill လုပ်ချင်တဲ့ Foreground color ကို set လုပ်ပါ။ ပြီးရင်အောက်ဆုံးက Background Layer ကို Select လုပ်ပြီး အရောင်ခြယ်ပါ။ (Alt+Delete) နှိပ်လဲရပါတယ်။ ဒါဆိုပုံအတိုင်းတွေရပါမယ်။

၁၃) ပြီးရင်တော့ Duplicate လုပ်ထားတဲ့ Layer တွေထဲကတစ်ခုခုကို Select လုပ်ပါ။ Right Click နဲ့ Blending Option ကိုဝင်ပါ။ အဲဒီမှာ Stroke ထည့်ပါမယ်။ ဒီပုံမှာတော့ Stroke width ကို ၃ လို့ရွေးထားပါတယ်။ မိမိပုံရဲ့ Resolution ကိုလိုက်ပြီး Stroke Width ကိုသင့်တော်သလို ပြင်နိုင်ပါတယ်။ Stroke color ကိုတော့ အဖြူရောင်ရွေးပါတယ်။

၁၄) ပြီးရင်တော့ Drop Shadow ချပါမယ်။ ဒီtutorial မှာတော့ Default Setting ကိုပဲသုံးထားပါတယ်။ ပုံရဲ့ Resolution ကိုလိုက်ပြီး Shadow ရဲ့ Distance, Spread, Size တို့ အတိုးအလျော့ရှိနိုင်ပါတယ်။

ဒါဆိုရင်တော့ Blending Option ပြောင်းထားတဲ့ Layer တစ်ခုကိုတွေ့ရမှာပါ။

၁၅) ပြီးရင်အဲဒီ Blending Option ပြင်ထားတဲ့ Layer ကို Right Click လုပ်ပြီး Popup Menu မှာ Copy Layer Style ကို ရွေးပါ။

၁၆) ပြီးရင်တော့ ကျန်တဲ့ Blending Mode မထည့်ရသေးတဲ့ Layer တွေကို RIght Click နှိပ်ပြီး Popup Menu မှာ Paste Layer Style လုပ်သွားပါ။

ဒါဆိုရင်တော့ ပုံအတိုင်းတွေပါလိမ့်မယ်။

နောက်ဆုံးအပြီးသတ်အနေနဲ့ လိုက်ဖက်မယ့် Outline တွေ Text တွေထည့်လိုက်ရင်တော့ အနုပညာဆန်ဆန် ပုံလေးတစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။

1 comments:
မိုက်တယ်အစ်ကိုရေ တော်ပါတယ်ဗျာ
ခင်မင်လေးစားစွာဖြင့် (လွမ်း)
Post a Comment