Saturday 7 January 2012

Opera Browser မှာ မြန်မာလို ဖတ်လို့ ရေးလို့ ရအောင်

opera Opera 11.60 Build 1185 Final

တော်တော်လေးသွက်တဲ့ Opera Browser လေးပါ…။ မြန်မာဖောင့် အခတ်အခဲကြောင့် မြန်မာတွေအသုံးနည်းကြပါတယ်..။ ဒီ Browser လေးက Function တွေလဲ တော်တော် စုံသလို  File Sharing   ပါ လုပ်လို့ရလို့   FireFox ထက်တောင် သာတယ်ပြောရမှာပါ….။ 
Opera Browser  ကို   ဒီမှာ  ဒေါင်းယူနိုင်ပါတယ်…။ဒေါင်းပြီး Run  လိုက်ရင် မြန်မာစာတွေ မမြင်ရသေးပါဘူး မြန်မာစာတွေက လေးထောင့်တုံးတွေ သို့မဟုတ် တောင်တစ်လုံး မြောက်တစ်လုံး ဇောက်ထိုးတွေတွေ့ရမှာပါ
မြန်မာလို ဖတ်လို့ ရေးလို့ ရအောင်တော့    CSS   ကုတ်ဒ်လေး ထည့်ပေးရမှာပါ…။
မြန်မာလို ဖတ်လို့ ရေးလို့ ရအောင် ပထမဆုံး
Notepad    လေးကို ဖွင့်ပြီး ဒီအောက်က အစိမ်းရောင်နဲ့ရေးထားတဲ့ ကုတ်ဒ်လေးတွေကို ကော်ပီကူးထည့်လိုက်ပါ….။
* , html, body, div, p{font-family:Zawgyi-One !important;}
ပြီးရင် User.css လို့ ရေးပြီး တနေရာရာ မှာ Save ထားလိုက်ပါ ..။
ပြီးရင် အဲဒီ User.css Notepad  ဖိုင်လေးကို Copy ကူးပြီး   
my computer>>>local disk(:C)>>>program file>>> opera >>>styles အထိသွားပြီး Paste လုပ်ပေးလိုက်ပါ….။

ထည့်ပြီးပြီဆိုရင်တော့ Opera Broswer လေးကို Exit ပေးပြီး ထွက်လိုက်ပါ ….။ ပြီးတော့ Opera လေးကို ပြန်ဖွင့်ကြည့်လိုက်ရင် မြန်မာစာတွေကို ဒီအတိုင်း ဖတ်လို့ ရေးလို့ ရသွားပါပြီခင်မျာ…..။

0 comments:

Post a Comment