VBScript ဖြင့် Message Box ပြုလုပ်နည်း
၁။ VBScript ရေးရန်အတွက် Notepad ကိုဖွင့်ပါ။ (start >> run box ထဲမှာ notepad လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။)
၂။ Message အတိုခေါက် msg နဲ့ box အဖြစ်ပေါ်ချင်တဲ့အတွက် msgbox ဟုရိုက်ပြီး မိမိပေါ်ချင်တဲ့ စာသားတွေကို " " ကြားထဲမှာ ရိုက်ထည့်ပြီး Save မှတ်ရမှာဖြစ်ပါတယ်။
msgbox "မင်္ဂလာပါခင်ဗျာ"
msgbox "ကျွန်တော်တို့ www.futurestars-mm.com မှ နွေးထွေးပျူငှာစွာ ကြိုဆိုပါသည်။"
၃။ Save မှတ်တဲ့အခါမှာ ဖိုင်အမည်ကို မိမိကြိုက်တာပေးပြီး .vbs ကိုထည့်ပေးရမှာ ဖြစ်ပါတယ်။ ဥပမာ - 111.vbs ။ ထို့နောက် Encoding: မှာတော့ Unicode ကိုရွေးပေးပါ။ Encoding ကို Unicode ရွေးပေးရတာကတော့ မြန်မာလို့ရိုက်ထားရင် မြင်တွေ့စေဖို့ဖြစ်ပါတယ်။
၎။ ထို .vbs ဖိုင်ကို Double Click နှိပ်ပြီး run လိုက်ပါက မြန်မာလိုမမြင်တွေ့၇ရင် Desktop ပေါ်မှာ Right Click > Properties > appearance tab မှာ Advanced ကိုနှိပ်ပြီး Advanced ထဲက Item: မှ Message ကိုရွေးပြီး Font: မှာ Zawgyi-One ကိုရွေးပေးလိုက်ရင် မြန်မာလို မြင်တွေ့ရမှာဖြစ်ပါတယ်။
0 comments:
Post a Comment